MTB Pay Agent Banking ဝန်ဆောင်မှုသစ်အား မြန်မာ့ခရီးသွားဘဏ် (MTB) မှ (၂၀၂၅) ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့ စတင်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအနှံ့အပြားရှိ မိဘပြည်သူများအတွက် လွယ်ကူ၊ မြန်ဆန်ပြီး လုံခြုံစိတ်ချရသော ဘဏ်လုပ်ငန်းများကို ပံ့ပိုးပေးနိုင်ရန်
MTB Pay Agent Banking ဝန်ဆောင်မှုသစ်အား မြန်မာ့ခရီးသွားဘဏ် (MTB) မှ (၂၀၂၅) ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့
စတင်လိုက်ပြီ ဖြစ်ကြောင်း ဂုဏ်ယူစွာ ကြေညာအပ်ပါသည်။
MTB Bank သည် နည်းပညာဆိုင်ရာ မိတ်ဖက်အဖြစ် BARDS (Dinger) ကုမ္ပဏီနှင့် ပူးပေါင်း၍ နောက်ထပ်ခြေလှမ်းသစ်တစ်ခုအနေဖြင့်
စတင်မည့် MTB Pay Agent Banking ဝန်ဆောင်မှုဟာ ဘဏ်ခွဲသို့ သွားစရာမလိုဘဲ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲခြင်းနှင့် ငွေပေးချေခြင်းစသော
ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို မြန်ဆန်၊ လုံခြုံ၊ ယုံကြည်စိတ်ချစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
သင့်ရဲ့ အနီးအနားမှ ဆိုင်များနှင့် လုပ်ငန်းတွေကို လုံခြုံစိတ်ချရသော ဘဏ်လုပ်ငန်းဆိုင်ရာ MTB Pay Agent များအဖြစ် ပြောင်းလဲပေးမှာဖြစ်ပြီး၊
သင့်အတွက် အချိန်ကုန် သက်သာစေမှာ ဖြစ်သည်။
MTB Pay Agent Banking ၏ ထူးခြားချက်များ
-လွယ်ကူမြန်ဆန်စွာ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲနိုင်ခြင်း။
-လုံခြုံစိတ်ချရသော ငွေပေးချေမှုတိုင်းအတွက် e-Receipt ရရှိခြင်း။
-ဘဏ်အထိသွားစရာမလိုဘဲ သင့်နဲ့အနီးဆုံး Agent ထံမှာ ဝန်ဆောင်မှုရယူနိုင်ခြင်း။
-MTB Agent များအတွက် ဝင်ငွေအခွင့်အလမ်းသစ်များရရှိနိုင်ခြင်း။
𝐘𝐨𝐮𝐫 𝐁𝐚𝐧𝐤, 𝐉𝐮𝐬𝐭 𝐀𝐫𝐨𝐮𝐧𝐝 𝐭𝐡𝐞 𝐂𝐨𝐫𝐧𝐞𝐫
သင်နဲ့ အနီးဆုံးမှာရှိနေမယ်
