မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းမိသားစုဝင်တွေဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာန၌ ပဉ္စမအကြိမ်မြောက် သွေးလှူဒါန်းပွဲ

calendar-lines 27/08/2025
💫 “ သင့်သွေးဖြင့်အသက်ကယ်ပါ” ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း သွေးလှူဒါန်းခြင်းဆိုတာဟာ လူတစ်ယောက်ရဲ့ဘဝနဲ့ မျှော်လင့်ချက်တွေကို ဆက်လက်ရှင်သန်စေတဲ့ မွန်မြတ်တဲ့အလှူဒါနတစ်ခုဖြစ်ပါတယ်။
ထို့ကြောင့် မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းမိသားစုဝင်တွေဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာန၌ ပဉ္စမအကြိမ်မြောက် သွေးလှူဒါန်းပွဲကို ဂုဏ်ယူစွာနဲ့ ပြုလုပ်ဖြစ်ခဲ့ပါတယ်။
မြန်မာ့ခရီးသွားဘဏ် အနေဖြင့်
🩸 12-Aug-2023 – ပထမအကြိမ်၊
🩸 20-Jan-2024 – ဒုတိယအကြိမ်၊
🩸 24-Aug-2024 – တတိယအကြိမ်၊
🩸 1-April-2025 – စတုထ္ထအကြိမ်၊
🩸 23-Aug-2025 – ပဉ္စမအကြိမ်တိုင်အောင် စုပေါင်းသွေးလှူဒါန်းခြင်းကို ပီတီဖြစ်ဖွယ် ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
🏦 MTB Bank သည် အကောင်းဆုံးဘဏ်ဝန်ဆောင်မှုတွေကို ပေးအပ်ဖို့ ကြိုးစားနေရုံသာမက လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း အစဉ်တစိုက် ဆောင်ရွက်သွားဖို့ ကတိပြုပါတယ်။ ဒီသွေးလှူဒါန်းပွဲဟာ ကျွန်တော်တို့ရဲ့ကတိကို သက်သေပြလိုက်ခြင်းပါပဲ။
ယခုကဲ့သို့ ရည်ရွယ်ချက်ကောင်းများဖြင့် အဓိပ္ပာယ်ရှိလှသည့် အစီအစဉ်မှာ ပါဝင်လှူဒါန်းပေးခဲ့ကြသူ အားလုံးကို MTB Bank မှလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အားလုံးရဲ့ပူးပေါင်းပါဝင်မှုက အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်တော့မှာမို့ မှတ်တမ်းပုံရိပ်များအား ဝမ်းမြောက်ပီတ ဖြစ်စွာဖြင့် မျှဝေဖော်ပြပေးအပ်ပါသည်။
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

element