မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ MTB Pay အသုံးပြု၍ MMQR ဖြင့် ငွေပေးချေနိုင်မည့် ဝန်ဆောင်မှု မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ ✨
မြန်မာ့ခရီးသွားဘဏ် (MTB Bank) အနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် Cashless Payment အသုံးပြုမှု ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ MTB Pay အသုံးပြု၍ MMQR ဖြင့် ငွေပေးချေနိုင်မည့်ဝန်ဆောင်မှုမိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ ရန်ကုန်မြို့၊ ဆူးလေရှိ MTB Head Office Functional Hall တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် MTB Bank ၏ MTB Pay အသုံးပြု၍ MMQR ဖြင့် ငွေပေးချေနိုင်မည့် ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အချက်အလက်များ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်၏ အရေးပါမှုများနှင့် သုံးစွဲသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေသော ငွေပေးချေမှုအတွေ့အကြုံများ ဖန်တီးပေးနိုင်မည့် အခွင့်အလမ်းများကို MTB bank ၏ BOD အဖွဲ့ဝင်များ၊ MTB Bank CEO ဦးဝင်လွင်၊ Bards Limited ၏ CEO တို့မှလည်း ဝမ်းမြောက် အမှာစကားများ ပြောကြားပေးခဲ့ပြီး Digital Banking ဌာန၏ ဦးလွမ်းမှလည်း MTB Pay တွင် MMQR အလုပ်လုပ်ပုံနှင့်အသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့ ကြပါသည်။
MTB Bank အနေဖြင့် ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများကို အသုံးချ၍ သုံးစွဲသူများ၏ နေ့စဉ်ဘဏ်လုပ်ငန်းလိုအပ်ချက်များကို ပိုမိုလွယ်ကူအဆင်ပြေစေရန် ဆန်းသစ်သော ဘဏ်ဝန်ဆောင်မှုများကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။
𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐅𝐨𝐫𝐞𝐯𝐞𝐫
ရိုးရှင်းလွယ်ကူ MTB Pay နှင့်အတူ
